ညောင်ဦး အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊အ နောက်ပုလင်းကျေးရွာအနီး ဧရာဝတီ မြစ်ကမ်း ဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်းတွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း မြန်မာပြည် အရပ်ရပ်မှဆင်ချစ်သူများက Online မှတဆင့်ဆက်သွယ်၍ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာထံကသိရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်း သာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ အတွင်း မြန်မာပြည်အရပ်ရပ်ရှိဆင်ချစ်သူများက Online မှတဆင့်ဆင်စာဘူဖေး ကျွေးမွေး လှူဒါန်းလျှက်ရှိရာ ကိုဗစ်-၁၉ကူးစက်ရောဂါကာလအတွင်း ဆင်စာဘူဖေး ကျွေးသူများ ပြား လာကာ(၂၂၀)ကြိမ်ကျော်ထိဆင်စာဘူဖေးကျွးမှုများပြားလာ ပြီးနောက်ထပ်ကျွေးမွေးဖို့ Online မှလည်းကြိုတင် ချိတ်ဆက်မှုများလည်းရှိနေသေးကြောင်း ဆင်စခန်းမှ သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာ ကဆက်လက် ရှင်းပြသည်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိဖွင့်လှစ်ထားရှိ ထားပြီး ဆင်စာဘူဖေး ကျွေးမွေး လှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့်Page များတွင် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၊ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲ သီး၊ သခွားသီး၊သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကိုအဓိကကျွေးကြကာ ရာသီပေါ်သီနှံများ အားကျွေးမွေးကြပြီး ဆင်စာဘူဖေးတစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှငါးသောင်းကျပ်ထိ လှူဒါန်းကြ ကာ တနေ့စာ ဆင်ခုနှစ်ကောင်အတွက်တစ်သိန်းကျပ်လှူဒါန်းနိုင်ကြောင်းသိရ သည်။
ပလင်းကမ်းသာယာဆင်စခန်းဆင်စခန်းသို့ မလာရောက်နိုင်ပါက ဆင်စခန်းPage များမှတဆင့် ဆက်သွယ်လှူဒါန်းနိုင် ကြောင်း ပလင်း ကမ်းသာယာဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဖုံး(၇၉၃၈၂၀၅၃၂) သို့ဆက်သွယ်လှူဒါန်း နိုင်ကြာင်းသိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဆင်စာ ဘူဖေးကျွးမှု (၂၂၀)ကြိမ်ကျော်ခဲ့ပြီဖြစ်ကြောင်း မြို့အခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့်ဆင်စခန်းများ ကိုဗစ်-၁၉ကာလ ဆင်စာခက်ခဲလျှက်ရှိကာ တောတောင်၊ရေမြေ သဘာဝအခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများ ရှိဆင်များအတွက် အစာရေစာမခက်ခဲ ကြောင်းလည်း ပလင်းကမ်းသာယာ ဆင်စခန်းမှ သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာ ကရှင်းပြ၍သိ ရကာ ၂၀၂၁ ခုနှစ်၊ မေလ ၂၅ရက်နေ့မှစတင်၍ ပလင်းကမ်းသာယာဆင်စခန်းပြန်လည်ဖွင့် လှစ်ခဲ့ပြီဖြစ်ကြောင်းသိရ သည်။
ကိုထိန်၊KPD