ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးနှိုးဆော်

ရမည်းသင်း    အောက်တိုဘာ   ၁၁

ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့  နံနက် ၁၀ နာရီက အသံချဲ့စက်ဖြင့် လက်ဆည်ကန်ကျေးရွာအတွင်းသို့လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ရမည်းသင်းမြို့နယ်အား ဇူလိုင် ၂၇ ရက်နေ့မှစ၍ Stay   at   Homeမြို့နယ်အဖြစ် သတ်မှတ် ထုတ်ပြန်ကြေညာထာခြင်းနှင့်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးနှင့်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင် နိုင်ရေးအတွက် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးခြင်းကို နှိုးဆော်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါအသိပညာပေးနိုးဆော်ရာတွင်ပြည်သူများအနေဖြင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဦးစားပေးအုပ်စုအလိုက်ထိုးနှံ ပေးခြင်းနှင့် အသက်(၁၂) နှစ်နှင့်အထက်အလယ်တန်း၊ အထက် တန်းကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်စေရေးနိုဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာကာကွယ်ရေး ပြည်သူများ အနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာနေထိုင်ရေး၊ နေအိမ်အပြင်ထွက်ခွာပါက ပါးစပ်နှင့် နှာ‌ခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ မကြာခဏဆေးကြောကြရန်၊ လူစု လူဝေးများကို ရှောင်ရှားကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူကြရန် စသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများနှင့် အိမ်ရှင်နှင့်အိမ်ငှား နေထိုင်သူများသို့အသိပေးခြင်းကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။          

ဇော်ဝင်းအောင် (ပြန်/ဆက်)