မင်းပြားမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲကျင်းပ

မင်းပြား အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ယမန်နေ့က မင်းပြားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ကျင်းပပြုလုပ်သည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်း ရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ သဘာဝ ဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေးခြင်းနှင့် စာတွေ့လက်တွေ့ သရုပ်ပြပွဲတွင် မင်းပြားမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးမျိုးဇော်ထွန်းဦးက သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အကြောင်းအရာများနှင့် ကြိုတင် ပြင်ဆင်ချက်များ၊ သဘာဝဘေးအန္တရာယ် အသိပေးချက်ရလျှင် ဆောင်ရွက်ရမည့် အချက်များ၊ ဘေးအန္တရာယ် ဖြစ်ပေါ်ချိန်တွင်  ရှောင်ရှားသင့်သည့် အချက်များ၊ သဘာဝဘေး အန္တရာယ်ပြီးဆုံးပြီးနောက် လိုက်နာရမည့် အချက်များအား အသိပေးပြောကြားသည်။

ဆက်လက်ပြီး မင်းပြားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် သင်တန်းနည်းပြများက  သဘာဝ ဘေးအန္တရာယ်များ အကြောင်းနှင့် ကူညီကယ်ဆယ်ရေးဆိုင်ရာ အကြောင်းအရာများအား စာတွေ့လက်တွေ့ သရုပ်ပြသကြသည်။

အဆိုပါ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲတွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်ကျော်စိုးနှင့် ဒုတိယကျောင်းအုပ်၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ စာတွေ့လက်တွေ့ သင်ကြားကြကြောင်း သိရသည်။

သိန်းနုအောင်(ပြန်/ဆက်)