ကလေးမြို့သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ (၃၅၀၀၀) ရောက်ရှိ

ကလေး အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ယမန်နေ့ညနေပိုင်းက တပ်မတော်ပိုင် လေယာဉ်ဖြင့် ကလေးမြို့လေဆိပ်သို့ တရုတ်နိုင်ငံမှလုပ်သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)အလုံးရေ (၃၅၀၀၀) ရောက်ရှိခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ကလေး)မှ တာဝန်ရှိသူများနှင့် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။

ယခုရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကလေးမြို့နယ်အတွက် ဆေးပုလင်း (၉၅၀၀)လုံး၊ ကလေးဝမြို့နယ်အတွက် ဆေးပုလင်း(၅၅၀၀)လုံး၊ မင်းကင်း မြို့နယ်အတွက် ဆေးပုလင်း(၄၀၀၀)လုံး၊ တမူးမြို့နယ်အတွက် ဆေးပုလင်း(၇၀၀၀)လုံး၊ မော်လိုက် မြို့နယ်အတွက် ဆေးပုလင်း(၄၀၀၀)လုံးနှင့် ဖောင်းပြင်မြို့နယ်အတွက် ဆေးပုလင်း(၅၀၀၀)လုံးတို့ကို ကလေးမြို့ပြည်သူ့ဆေးရုံ အအေးခန်းမှတဆင့် ဆက်လက် ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး (Sinopharm)များသည် ကာကွယ်ဆေးတစ်လုံးလျှင် လူ()ဦးနှုန်းဖြင့် လူဦးရေ (၁၇၅၀၀၀)ကို ထိုးနှံးပေးနိုင်မည်ဖြစ်ပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသည့် အသက်(၅၅)နှစ်နှင့်အထက်ရှိ သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး အတွက် ရောက်ရှိခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

မောင်ကျော်(ပြန်/ဆက်)