ပလောက် အောက်တိုဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ဆက်လက်ထိုးနှံပေးခြင်းကို ပလောက်မြို့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအား ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်တွင် ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာ၊ အရှေ့ကမ်းဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား မြို့ ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ပေးပြီး ကျန်းမာရေး အခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာသို့ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြပြီး အောက်တိုဘာလ ၉ ရက်နေ့မှ ယမန်နေ့အထိ လူဦးရေ (၁၀၀၀) အတိကို ကာကွယ်ဆေးထိုးနှံ ပေးပြီးဖြစ်ကြောင်းသိရသည်။
နှင်းမြူလွင် (ပလောက်)