ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ငါန်းဇွန်   အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေး အုပ်စုအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ (၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာ များတွင် စက်တင်ဘာ (၂၀)ရက်နေ့မှစ၍ နေ့စဉ် နံနက် ၉နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျှက်ရှိရာ ယမန်နေ့က မြို့မဇုံမှ (၃၂၅)ဦး၊ မြို့သာဇုံမှ (၂၇၅)ဦး၊ ငါန်းမြာဇုံမှ (၁၄၅)ဦး၊ ခြင်္သေ့ လက်ဇုံမှ (၂၇၅)ဦး၊ သားကျင်ဇုံမှ (၁၃၀)ဦး၊ ဂျိုဇုံမှ (၁၈၅)ဦး၊ သံဘိုဇုံမှ (၁၉၀)ဦး၊ ရေလည်သောင်ဇုံမှ (၇၅)ဦး၊ ကုလားရွာဇုံမှ (၄၅)ဦး၊ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ (၅၅)နှစ်နှင့် အထက်ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် စုစုပေါင်း(၁၆၄၅)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၅၅)နှစ် နှင့်အထက် ပြည်သူများနှင့် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာ ရေးအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိရာ စက်တင်ဘာ ၂၀ရက်နေ့မှ အောက်တိုဘာ ၁၀ရက်နေ့အထိ မြို့နယ် အတွင်းရှိ ဇုံ(၉)ဇုံမှ စုရပ်နေရာ များတွင် အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများနှင့် သတ်မှတ်ဦးစားပေး အုပ်စု အလိုက် (၁၅၈၂၈)ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများအား သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။                      

သက်နောင်ဦး(ငါန်းဇွန်)