ကျိန္တလီမြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံ ပေးလျက်ရှိ

 

ကျိန္တလီ         အောက်တိုဘာ  ၁၁

 

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမစုရပ်၌ အောက်တိုဘာ  ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်မှညနေ(၃) နာရီအချိန်ထိ အမှတ်(၁)ရပ်ကွက် ၊ အမှတ်(၂)ရပ်ကွက် ၊ အမှတ်(၃)ရပ် ကွက်တို့မှ အသက်(၁၈)နှစ် အထက် ပြည်သူများအား စတင်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

 

ထိုသို့ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့အုပ်ချုပ်ရေးမှူးဦးဖြိုးဝေလင်း ၊ ကျိန္တလီမြို့ကျန်းမာရေးဦး စီးဌာနမှ ဒေါက်တာအောင်ခင်ထွေးတို့၏ကြီးကြပ်မှုဖြင့် ရောက်ရှိလာ သောပြည်သူများအား လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အထောက်အပြုအဖွဲ့များက မိမိတို့ရပ်ကွက်မှ ကာကွယ် ဆေးထိုးနှံ ရန်ရောက်ရှိ လာသော အသက်(၁၈)နှစ် အထက်ပြည်သူ များကို အမှတ်စဉ်နံပါတ်များပေး အပ်ထားပြီး သက်ဆိုင်ရာ ရပ်ကွက် စာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာနေရာသို့ တစ်ယောက်ချင်း အမှတ်စဉ်  နံပါတ်များအားခေါ်ယူပြီး  ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။  

 

ဆက်လက်၍ ကျိန္တလီနယ်မြေရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များကဆေးလာ ရောက်ထိုးနှံသူများအား ကူညီလုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပြီး အမှတ်(၁)ရပ် ကွက်မှအသက် (၁၈)နှစ် အထက်ပြည်သူ(၁၅၅)ဦး ၊ အမှတ်(၂)ရပ်ကွက်မှ အသက်(၁၈)နှစ်အထက်ပြည်သူ(၃၈၅)ဦး ၊ အမှတ်(၃) ရပ်ကွက်မှ အသက်(၁၈) နှစ်အထက်ပြည်သူ(၇၀)ဦး ပြည်သူစုစုပေါင်း(၆၁၀)ဦးတို့အား  စတင်ထိုးနှံ ပေးလျက်ရှိ ကြောင်းသိရသည်။

 

ခိုင်မိုးမင်း