ကျောက်ဆည် အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၂)အထက်အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအတွက် မိဘအုပ်ထိန်းသူများအား ကြိုတင် အသိပေးခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီခွဲက အမှတ် (၂) အခြေခံပညာ အထက်တန်ကျောင်း ရွှေသရဖီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးလွင်မောင်စိုးကကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရောဂါကြိုတင်ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံရာတွင် (၄)ပတ်ခြား(၂)ခါ ထိုးနှံပေးသွားမည်ပြီး ကျောင်းများလည်း ပြန်လည် ဖွင့်လှစ် ပေးသွားမှာ ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်သာမက နိုင်ငံတော်၏ အနာဂတ်ကိုပါ ကောင်းမွန်မှာဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးရန် အတွက် နေရာ(၁၉)နေရာ စီစဉ်ထားပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း သည် ကျောင်းသား၊ကျောင်းသူများအတွက် ပညာသင်နှစ်(၁)နှစ် ဆုံးရှုံးခြင်း မရှိရအောင် ဆောင်ရွက် ပေးခြင်း ဖြစ်ပြီး သက်ဆိုင်ရာကျောင်းများအလိုက် အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူ များအား ထိုးနှံပေးသွားမှာဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ပရဟိတ အသင်းအဖွဲ့နှင့်ရပ်မိရပ်ဖများ ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကျန်းမာရေးမှူးဦးကျော်စွာထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးအောင်ထားရွှေနှင့် မြို့နယ်ပညာရေးမှူးဒေါ်မိမိအောင်တို့က ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုမှ ကာကွယ်စေပြီး၊ သေဆုံးမှုများလည်း လျှော့ကျသွား စေမည်ဖြစ် ကြောင်း၊ ပညာသင်ကြားရာတွင် ယုံကြည်မှုအပြည့်အဝဖြင့် ကောင်းမွန်စွာ သင်ကြားနိုင်မည် ဖြစ ်ကြောင်း၊ မိဘအုပ်ထိန်းသူများအနေဖြင့်လည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ တာဝန်ရှိသူများမှလည်း ကာကွယ်ဆေးများ ထိုးနှံပေးရာ တွင် လုံခြုံရေး ပြည့်ဝစွာ တာဝန်ယူဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အသီးသီး ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် အထက်တန်းကျောင်း(၂၂)ကျောင်း၊ ကျောင်းသား၊ကျောင်းသူ(၁၈၈၇)ဦး၊ အလယ်တန်းကျောင်း(၄၂)ကျောင်း ကျောင်းသား၊ကျောင်းသူ(၇၇၀၄)ဦး ရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)