ညောင်ရွှေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်

ညောင်ရွှေ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်ပြည့်ပြီး သည့် ကျောင်းသားကျောင်းသူ များအား အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ကာကွယ်ဆေးထိုးနှံရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အရပ်ဖက် လူမှုရေး အသင်းအဖွဲ့များ၏ ဝိုင်းဝန်းကူညီမှုဖြင့် နေရာ(၈)နေရာသတ်မှတ်၍ ဆောင်ရွက် သွားမည်ဖြစ်ပြီးကြောင်း၊ မြို့နယ်အတွင်း အထက်တန်းအဆင့်ကျောင်း (၃၂) ကျောင်း၊ အလယ်တန်းအဆင့်ကျောင်း(၅၄) ကျောင်းများမှ ကျောင်းသားဦးရေ(၇)ထောင်ကျော်အား ကွင်းဆင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ