ကုန်းကြမ်းမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးနှင့် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

ကုန်းကြမ်း အောက်တိုဘာ ၁၁

ကုန်းကြမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်တွင် ကိုဗစ်−၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်ကော်မတီနှင့်   ကုန်းကြမ်းမြိုနယ်ရှိ  ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ  ကျေးရွာ တာဝန်ခံများ  ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့   တက်ရောက်လာသူများအား    ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် Mask, Hand Gel များထောက်ပံ့ခဲ့ကြောင်း သိရသည်။

မာမာအောင်