ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနိုင်ရန် အတွက် အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ

 

မောင်တော    အောက်တိုဘာ   ၁၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနိုင်ရန် အတွက် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် နာရီအချိန် မြို့မနာရီစင် အနီးတွင် ဖြန့်ဝေပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍  တာဝန်ခံ မြို့နယ် ပညာရေးမှူး  ဦးမောင်ဝေသိန်းနှင့် ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မောင်တောခရိုင်ရုံးမှ  ဝန်ထမ်းများ၊ ကရုဏာကွန်ရက် အဖွဲ့ဝင်များ ပူးပေါင်းကာ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအားကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ် ပန်းခင်းများဆီသို့  ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ဆောင်ပုဒ်များ ပါဝင်သော  အသိပညာပေး လက်ကမ်းစာစောင် (၁၀၀)စောင်အား  ပြည်သူများ သိရှိနိုင်ရန်အတွက်  လူစည်းကားရာ မြို့မနာရီစင်ခွဆုံတွင် ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)