နမ္မတူ အောက်တိုဘာ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ် လည်အစည်းအဝေးနှင့် ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၂) နာရီအချိန် က လိပ်ပြာတောင်ခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ရှေ့ဦးစွာ စစ်ဗျူဟာ (နမ္မတူ)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဇေဝင်းက အမှာစကားပြောကြားခဲ့ပြီး စစ်မှုထမ်းဟောင်းအဖွဲ့သို့ ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀) ကျပ် ပေးအပ်လှူဒါန်းခဲ့သည်။
အလားတူ ဝင်းမြင့်မိုရ်စက်မှုကုမ္ပဏီမှ ဦးသံလွင်မြင့်က စစ်မှုထမ်းဟောင်းအဖွဲ့ဝင် (၈၅) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၅၀၀၀) ကျပ်၊ ဆန် (၄)ပြည်၊ ဆီ (၁)ပိဿာနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၄၂၅၀၀၀)ကျပ်၊ ဆန် (၃၄၀)ပြည်၊ ဆီ (၈၅)ပိဿာအား စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)