မောင်တော အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့မအနောက် ရပ်ကွက်အနီးရှိ လမ်းသွားလမ်းလာ ပြည်သူများအား ယနေ့ နံနက် ၉ နာရီ အချိန်က ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကရုဏာကွန်ရက်အဖွဲ့ဝင်များ၊ စေတနာ့ လုပ်အားရှင်များ ပူးပေါင်းကာ မြို့မအနောက်ရပ်ကွက်၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးရှေ့အနီးလမ်းသွားလမ်းလာ ပြည်သူများအားအထဲမှ မိမိသဘောဆန္ဒအရ လာရောက် စစ်ဆေးခံသူများနှင့် နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာနေသူများအား အခမဲ့ စစ်ဆေးပေးခဲ့ရာ လမ်းသွားလမ်းလာပြည်သူ အမျိုးသား(၄၆)ဦးနှင့် အမျိုးသမီး(၁၂)ဦး စုစုပေါင်း(၅၈)ဦးအား စစ်ဆေးပေးနိုင်ခဲ့ပြီး ၎င်းတို့တွင် ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးစစ်ပေး နေရာများတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကရုဏာကွန်ရက် အဖွဲ့ဝင်များနှင့် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)