မိုင်းပျဉ်းမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်းဆောင်ရွက်

မိုင်းပျဉ်း အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် နာရီက ယမ်းခမ်းကျေးရွာအုပ်စု၊ ကောင်းလှိုင်း()နားလန်းကျေးရွာ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ မြို့နယ်ဉီးစီးမှူး  ဉီးစိုင်းလောင်မှိုင်း နှင့်ဝန်ထမ်းများက ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကြောင်း မိတ်ဆက်ရှင်းလင်းပြီး ကော်မတီရွေးချယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး ခဲ့သည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကို မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာ () ရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်မှ မတည် ရန်ပုံငွေကျပ်သိန်း(၁၀၀) နှင့် ကျေးရွာနေပြည်သူ ထည့်ဝင်ငွေများ ပူးပေါင်း၍ ကျေးရွာတွင်း စိမ့်စမ်းရေသွယ်ယူခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ခန်းမဆောင်တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့က ဝမ်တာခတ်ကျေးရွာအုပ်စု၊ ဝမ်ဟောင်()ဝမ်ယောင်ကျေးရွာသို့လည်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)