စဉ့်ကိုင် အောက်တိုဘာ - ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်အတွင်း အသက်(၁၈)နှစ် အထက်ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးကို ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးလျှက်ရှိရာ အောက်တိုဘာ(၁၀)ရက်နေ့အထိ(၉၈၉၅) ဦး ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို.ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ) နှင့် ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ ပရဟိတအသင်းအဖွဲ့၀င်များ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသက်(၁၈) နှစ် အထက်နှင့် ပြည်သူများအား ပထမ အကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင် ကာကွယ်တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်းပြီး ပြည်သူများလိုက်နာစေရန်၊ အသံချဲ့စက်များ၊ Hand Spaker ဖြင့် လှည့်လည်ပြီး အသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက် / ကျေးရွာများအတွင်း ပိုးသတ်ဆေးများဖြန်းပေးခြင်း၊ ဒေသန္တာရစည်းကမ်းချက်များ၊ ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိစစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး အသက်(၁၂)နှစ်အထက် ၊ အထက်တန်း၊ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမည့်နေရာ(၃)နေရာခွဲ၍ စီစဉ်ဆောင်ရွက် ထားရှိကြောင်းသိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)