တံတားဦး အောက်တိုဘာ ၁၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်(၉)နာရီအချိန်အထိ ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ပြန်လည်ဆင်းခွင့် ရရှိသူ ပေါင်း (၃၇၅)ဦးရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကာကွယ်ရေးနည်းလမ်းများအား ဒေသခံပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်စေရန် ရပ်ကွက်၊ ကျေးရွာများ၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးခြင်းအပြင် ရောဂါပိုးကူးစက် ခံရသည်ဟု သံသယရှိသူများ ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့သူများ အား နေ့စဉ် RDT Test Kit ဖြင့် စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူ များကို မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ စနစ်တကျ ဆေးကုသမှုပေးလျက်ရှိကြောင်းသိရသည် ။
တံတားဦးမြို့နယ်အတွင်း ဇူလိုင်လ(၂)ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အမျိုးသား(၁၉၅)ဦး၊ အမျိုးသမီး (၂၆၇)ဦး စုစုပေါင်း(၄၆၂)ဦးရှိကာ သေဆုံးသူ အမျိုးသား (၃၄)ဦး ၊ အမျိုးသမီး (၄၅)ဦး၊ စုစုပေါင်း(၇၉)ဦးရှိကြောင်း၊ ရောဂါပျောက်ကင်း၍ ဆေးရေုံမှဆင်းခွင့်ရသူ အမျိုးသား(၁၅၉)ဦး အမျိုးသမီး(၂၁၆)ဦး စုစုပေါင်း(၃၇၅)ဦးရှိပါကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ဆေးရုံ တွင် ဆေးကုသမှုခံယူခံယူနေဆဲ အမျိုးသား(၂)ဦး၊ အမျိုးသအမီး(၆)ဦး၊ လူနာစုစုပေါင်း (၈)ဦး ရှိကြောင်း မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနမှ သိရသည်။
ရဲတင့်(တံတားဦး)