ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၇)ဦး ထပ်မံတွေ့ရှိ

ဟိုပန်  အောက်တိုဘာ ၁၀

 “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အောက်တိုဘာလ ၁၀ ရက်နေ့က ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သံသယလူနာများအား RDT Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၇)ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။

လူနာများမှာ မန်ကောင်းရပ်ကွက်မှ အမျိုးသား(၁)ဦး၊အမျိုးသမီး(၁)ဦး၊ ပန်လုံလမ်း ရပ်ကွက်မှ အမျိုးသား(၁)ဦး၊ ဈေးရပ်ကွက်မှအမျိုးသား(၁)ဦး၊ အမျိုးသမီ း(၁)ဦး၊ မန်မိုင်ရပ်ကွက်မှ အမျိုးသမီး(၁)ဦး၊ နောင်မိုကျေးရွာမှ အမျိုးသမီး(၁)ဦး၊စုစုပေါင်း(၇)ဦးတို့ဖြစ်ပြီး  ပြည်သူ့ဆေးရုံ သီးခြား ကြပ်မတ်ကုသဆောင်နှင့်မြို့နယ်အားကစားကွင်း Quarantine Center တွင် ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။

ဟိုပန်မြို့နယ်တွင် အောက်တိုဘာလ ၁၀ ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၃၉၇)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၃၄၇)ဦး၊ ဆေးကုသလျက်ရှိသူ(၄၄)ဦးနှင့် သေဆုံးသူ(၆)ဦးရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခရိုင်ပြန်/ဆက်