ချောင်းဆုံ ဩဂုတ် ၁၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ယမန်နေ့ နံနက် ၁၀နာရီခွဲ အချိန်က ချောင်းဆုံမြို့နယ် တရားရုံး၊ ချောင်းဆုံမြို့မရဲစခန်း နှင့် လူစည်ကားရာ နေရာများတွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိသန်းသန်းမွန်နှင့်အဖွဲ့ဝင်များမှ ဥပဒေအထောက်အကူပေးရေးနှင့် သက်ဆိုင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသူများအား ဥပဒေနှင့်အညီ ရှေ့နေငှားရမ်းပေးခြင်း၊ ဥပဒေဆိုင်ရာအသိပညာပေးခြင်း၊ အကြံပေးခြင်း၊ အကူအညီပေးခြင်းနှင့် သတင်းအချက်အလက်ပေးခြင်း တို့ကို မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေး ရေးအဖွဲ့မှ ဥပဒေနှင့် ပတ်သက်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးဥပဒေနှင့် ပတ်သက်၍ ဆက်သွယ် ရမည့် ဖုန်းနံပါတ်မှာ ၀၉၅၃၂၂၄၀၊ ၀၉၂၆၄၃၀၂၉၅၇၊ ၀၉၈၇၀၃၇၅၄ သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။
ထူးအိမ်(ပြန်/ဆက်)