ဥတ္တရသီရိမြို့နယ်အတွင်းရှိ အသက် (၁၂) နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့် အခြေခံပညာကျောင်းများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဥတ္တရသီရိ အောက်တိုဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ မည့် အခြေခံပညာကျောင်းများအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၁၂)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်ဖြိုးမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းလွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယု တို့၏ ကြီးကြပ်မှုဖြင့် တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက ကျောင်းဝန်းအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ပိုးသတ်ဆေး ဖြန်းပေးခြင်းနှင့် စာသင်ဆောင်များ အတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ပြီး အလားတူ အ.ထ.က(မင်းကုန်း) ကျောင်းတွင်လည်း ယနေ့နံနက်ပိုင်းက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆၁၄၄)ဦးရှိကာ အ.ထ.က(၁၂)နှင့် အ.ထ.က(မင်းကုန်း) ကျောင်းများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)