တံတားဦးမြို့နယ်ရှိ ကျွဲ ၊ နွားများအား ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးလျက်ရှိ

တံတားဦး  အောက်တိုဘာ   ၁၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား  ယနေ့နံနက်ပိုင်းက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကာကွယ်ဆေးများကို ရာသီအလိုက် နှစ်စဉ်အလှည့်ကျ ထိုးနှံပေး ကြောင်းသိရသည် ။

ကျွဲ၊ နွားများ၌ မိုးရာသီတွင် ဖြစ်ပွားသောရောဂါမှာ ပေါင်ပုပ်လက်ပုပ်ရောဂါဖြစ်ပြီး လည်ချောင်းကွဲ ရောဂါသည် ရေဝင်ရောက်သော ဒေသများတွင် အဖြစ်များပါကြောင်း ၊ ထောင့်သန်းရောဂါသည် အပူ လွန်ကဲသော ရာသီ၌အဖြစ်များသောကြောင့် ကာကွယ်ဆေးများကို ရာသီအလိုက် မြို့နယ်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ်စုများရှိ  တိရိစ္ဆာန် ကျန်းမာရေး လုပ်သား များနှင့် ပူးပေါင်းပြီး ထိုးနှံပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ မွေးမြူထားသော ကျွဲ ၊ နွားများ သေကြေပျက်စီးခြင်းမှ ကင်းဝေးပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ခြင်း ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဒေါက်တာဇော်မင်းဦး ထံမှသိရသည် ။

တံတားဦးမြို့နယ်တွင် နွားကောင်ရေ (၅၇၉၉၈)ကောင်၊ သိုး၊ ဆိတ်ကောင်ရေ(၂၁၇၃ )ကောင်၊ ဝက် ကောင်ရေ(၆၀၀၀)ရှိပါကြောင်း ၊ ကျွဲ ၊ နွားများ၌  ရာသီအလိုက် ဖြစ်ပွားတက်သော ရောဂါများကို  ကျေးရွာများအရောက် ကာကွယ်ဆေးများ လိုက်နှံထိုးပေးသည့်အပြင် တိရိစ္ဆာန်မွေးမြူရေး သင်တန်း များကိုလည်း စနစ်တကျ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရဲတင့်(တံတားဦး)