မြင်းခြံမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား (ဒုတိယအကြိမ်) ထောက်ပံ့ငွေများ ပေးအပ်

မြင်းခြံ ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား (ဒုတိယအကြိမ်) တစ်အိမ်ထောင်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေများမပေးအပ်မီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်မှူး ဦးညီညီအောင်က ယခုလို ထောက်ပံ့ငွေများပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်အေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် မြို့မိမြို့ဖများမှ ထောက်ပံ့ငွေများပေးအပ်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြပြီး ပြည်သူများထံ လက်ဝယ်အရောက် အမြန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ မြင်းခြံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၄၉၂၅၀) စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၉၈၅၀၀၀၀၀၀) ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

  ကျော်စွာ(မြင်းခြံ)