သံတွဲ အောက်တိုဘာ ၁၁
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm 1/ 5dose(BIBP) အမျိုးအစားကို သံတွဲမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများနှင့် သတ်မှတ် ဦးစားပေးအုပ်စုတွင် ပါဝင်သူများအား ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ စတင်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာန ဆေးထိုးစင်တာ(၉)ခုတွင် ပထမအကြိမ် (ပထမနေ့)အဖြစ် ထိုးနှံပေးရာ လူဦးရေ(၄၀၄၅)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို ယခင်က အသက် ၆၅နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ အုပ်စုများအပြင် ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်း ၁ ဦး၊ စေတနာ့ပရဟိတအဖွဲ့ ၁၅၈ ဦး၊ ဘုန်းတော်ကြီးများနှင့် သာသနဝန်ထမ်းများ(၄)ဦး၊ နိုင်ငံ့ဝန်ထမ်း ၄၈ ဦး၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ ၃၈ ဦး၊ ပုဂ္ဂလိကသယ်ဘူပို့ဆောင်ရေး ဝန်ထမ်း ၃၇ ဦး၊ ဟိုတယ်၊ မိုတယ်/တည်းခိုခန်း၊ အစားအသောက်ဝန်ဆောင်မှု ဝန်ထမ်း ၁၀၃ ဦး၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု ဝန်ထမ်း ၁၆ ဦး၊ သယ်ယူပို့ဆောင်ရေးနှင့် နိုင်ငံငံတကာ ဝင်ထွက်ပေါက်များတွင် တာဝန်ယူထားသော လုပ်ငန်းများမှ ဝန်ထမ်း ၅ ဦး၊ ပို့ကုန်သွင်းကုန် လုပ်ငန်း/ကုန်ပစ္စည်းသိုလ်လှောင်ရေး လုပ်ငန်းလုပ်ဆောင်သူ ၄၆၂ ဦး ၊ အခြားလာရောက် ထိုးနှံသူ ၁၈၇၆ ဦး၊ စားသောက်ကုန် ပစ္စည်းရောင်းချသူ၊ စားသောက်ဆိုင်များမှ ဝန်ထမ်း ၃၈၃ဦး၊ မှီခိုသူ ၉၂၁ ဦး၊ မသန်စွမ်းသူ ၁ ဦး၊ နာတာရှည်ရောဂါရှိသူ ၁ ဦး၊ စုစုပေါင်း (၄၀၄၅)ဦး တို့အား ဆေးအလုံးရေ(၈၀၉)လုံး ထိုးနှံပေးခဲ့ကြောင်း ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၁၀ ရက်မှ အောက်တိုဘာ ၁၁ ရက်နေ့ထိ ဆေးရရှိမှုအပေါ်မူတည်၍ ထိုးပေးသွားမည်ဖြစ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ ခရိုင်ဆရာဝန်ကြီး ဒေါတ်တာ ရဲဝင်းထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)