သာစည်မြို့နယ်တွင် မီးရှုးမီးပန်း၊ ဗြောက်အိုးများ ပစ်ဖောက်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများ လိုက်နာကြရန် အသိပေးနှိုးဆော်

သာစည် အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် မီးရှုးမီးပန်းဗြောက်အိုးများ ရောင်းချခြင်း ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများက လိုက်နာကြရန် ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အသိပေးနှိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီး မကြာမီ ရောက်ရှိတော့မည့် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ပွဲတော်ကာလများတွင်   မီးရှုးမီးပန်း၊ ဗြောက်အိုး၊ ရှုးဒိုင်းများ ပစ်ဖောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင် ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပေးနှိုးဆော်ချက်များနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်း