ဘူးသီးတောင် အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်းနှင့် ရုံးဝန်ထမ်းများက ဘူးသီးတောင်မြို့နယ် လောင်းချောင်း ကျေးရွာရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လောင်းချောင်းကျေးရွာရှိ အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပျောက်ဆုံး၊ ပျက်စီးလာရောက် လျှောက်ထားသူ ကျား( ၅၂)၊ မ(၄၉)၊ စုစုပေါင်း( ၁၀၁)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပျောက်ဆုံးလျှောက်ထားသူ မိသားစု( ၇)စုတို့သည် ဘူးသီးတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံး၌ လာရောက် လျှောက်ထားရာ မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်းနှင့် ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)