ရမ်းဗြဲမြို့နယ်၌ အသက်(၄၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိ

ရမ်းဗြဲ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အသက်(၄၅)နှစ်အထက် ပြည်သူများနှင့် အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည် ပြည်သူများကို ယမန်နေ့နံနက် နာရီအချိန်က စတင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာတွင် ရမ်းဗြဲမြို့နယ်အတွင်း သတ်မှတ်စုရပ် နေရာ(၁၀)ခု သတ်မှတ်ကာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။

၎င်းသတ်မှတ်စုရပ်များအနက် ရမ်းဗြဲမြို့ပေါ်ရှိအ..က ပုလုပ်တောင်စုရပ်တွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသူများကို အထွေအထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်းထမ်းများက စာရင်းရေးသွင်း မှတ်တမ်းယူခြင်း၊ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များနှင့် အထွေအထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များမှ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

၎င်းနောက် ဆေးထိုးရန်ရောက်ရှိလာကြသည့် ပြည်သူများအား ကျန်းမာရေး ဝန်ထမ်းများမှ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။

ယင်းနောက် ဆေးထိုးပြီးသူများကိုလည်း မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

အောင်နိုင်(ပြန်/ဆက်)