ဘူးသီးတောင်မြို့နယ်၌ အိမ်တိုင်ရာရောက် ရဲလုပ်ငန်းစနစ်နှင့် ပြည်သူလူထု ပူးပေါင်း ပါဝင်သော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးပွဲကျင်းပ

ဘူးသီးတောင် အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ်(၃)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ဌာနချုပ် တပ်ခွဲမှူး ရဲမှူးအေးမင်းစိုး ဦးဆောင်၍ "ဥပဒေဘောင်အတွင်းနေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ ပြည်ချမ်းသာ မှုခင်းကျဆင်းရေး" စီမံချက်ဆောင်ရွက်ရန် အိမ်တိုင်ရာရောက် ရဲလုပ်ငန်းစနစ်နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၃)နယ်ခြားစောင့်တပ်ရင်း အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက် နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ဌာနချုပ်တပ်ခွဲမှူး ရဲမှူး အေးမင်းစိုးမှ မှုခင်းကျဆင်းရေး စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် လုပ်ငန်းဆောင်ရွက်ရမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ရဲအုပ်စောဝင်းမှ မှုခင်းကျဆင်းရေးနှင့် ပညာပေးဟောပြောခြင်း၊ ဗီနိုင်း/ပိုစတာများ စိုက်ထူခြင်း၊ အသိပညာပေး Video Clip များပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Home Visit စနစ်ဖြင့် အိမ်တိုင်ရာရောက် အကူအညီပေး ဆက်ဆံခြင်း ဆောင်ရွက်ရမည့် အချက်များအား ဆွေးနွေးကြသည်။

အခမ်းအနားသို့ ဘူးသီးတောင်မြို့နယ် အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ဌာနချုပ်တပ်ခွဲမှူး ရဲမှူးအေးမင်းစိုးနှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)