ပုသိမ်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်အနေဖြင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာ ပေးနှိုးဆော်မှုများ ဆောင်ရွက်

ပုသိမ်ကြီး အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် ပြည်သူများအား ယခုဆောင်ရွက်ပေးနေသည့် ပန်းခင်း စီမံချက်အကြောင်း ပိုမိုသိရှိစေရန် ရည်ရွယ်၍ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာ ပေး နှိုးဆော်ခြင်းကို မန်နေ့နံနက် ၉ နာရီက ကြာနီကန်ကျေးရွာ၌ ပြုလုပ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး၊ နိုင်ငံသားကတ် မှတ်ပုံတင်ရှိခြင်းဖြင့် ပြည်သူများ၏ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးအတွက် ပုသိမ်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက် အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်းတို့ကို (၁၆၄၈၅)ဦး လျာထား ဆောင်ရွက်ပေး မည်ဖြစ်ရာ၊ ယနေ့ထိ စီမံချက်အရ ဆောင်ရွက်ပေးနိုင်မှုမှာ (၃၇၄၂)ဦး ဆောင်ရွက်ပေးပြီး ဖြစ်သည်။

လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းကို ပုသိမ်ကြီးမြို့နယ်ရုံးမှ  လက်ထောက်ဦးစီးမှူး ဦးမျိုးဝင်းကြိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်း၍ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဇာနည်ကိုကို