ငပလီ အောက်တိုဘာ ၁၀
ငပလီမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်(တတိယအသုတ်) ဦးစာပေးအဆင့်အလိုက် ဦးတည်အုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ငပလီမြို့၊ စုရပ်(၁) အမက(မူလွန်) ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းအချိန်မှစ၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးထိုးစုရပ်တွင် ဦးတည်အုပ်စုများအား တရုတ်ပြည်သူသမ္မတ နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) အမျိုးအစားကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကျန်းမာရေးဝန်ကြီဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက်များ နှင့်အညီ သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိပြီး လာရောက်သူများအနေဖြင့် နှောက်နှေး ကြန့်ကြာမှုများ မရှိစေရေးအတွက် ရပ်ကွက်အလိုက် စာရင်းကြိုတင် ကောက်ယူပေးခြင်းကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးပြီး ကျန်းမာရေး ဝန်ထမ်းများမှ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးတွင်းအောင်ဆီဂျင် တိုင်းတာခြင်းများ ဆောင်ရွက်ပြီးမှသာ တိုကင်စနစ်ဖြင့် သတ်မှတ်နေရာများတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အများပြည်သူများနှင့် ထိတွေ့ဆက်ဆံနေသူများ ပရဟိတ ဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်း(၁၅၇)ဦး၊ ပုဂ္ဂလိကစက်ရုံအလုပ် လုပ်ကိုင်သည့် ဝန်ထမ်း(၃၈)ဦး၊ ဟိုတယ်ဝန်ထမ်း(၅၃)ဦး၊ အခြားဝင်ငွေရှိသော ပြည်သူ(၁၇၀)ဦး၊ စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်သူ(၂၁)ဦး၊ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူ (၁၀)စုစုပေါင်း (၄၅၀)ဦးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ငပလီမြို့တွင် ကာကွယ်ဆေးများကို သတ်မှတ်ရက်အလိုက် ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ (၁၆)ရက်နေ့မှစ၍ ပထမအကြိမ် (ဒုတိယအသုတ်) ဦးတည်အုပ်စု ပြည်သူ(၁၉၈၅) အထိ ထိုးနှံပေးပြီး ပထမအကြိမ် (တတိယအသုတ်)ကို အောက်တိုဘာလ (၁၀) နေ့မှစ၍ ထိုးနှံပေး လျက်ရှိရာ ပထမနေ့တွင်လည်း ထိုးနှံပြီးသူ (၄၅၀) ဦးရှိပြီး ငပလီမြို့တွင် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးပြည်သူ စုစုပေါင်း (၂၄၃၅)ဦး အထိထိုးနှံပေးပြီးဖြစ်ပါကြောင်း သိရသည်။
ရန်ငြိမ်း