တောင်ကုတ်မြို့နယ်၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံစဉ် ပြည်သူတစ်ဦး၏ ရင်တွင်းစကား

တောင်ကုတ် အောက်တိုဘာ ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၌ ယမန်နေ့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် နိုင်ငံတော်မှ အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးစဉ်က ပြည်သူများ၏ ရင်တွင်းခံစားချက်အား တွေဆုံမေးမြန်းထားမှု ရင်တွင်းခံစာချက် မေး။ ဦးလေးရဲ့အမည် အသက်နှင့် နေရပ်လိပ်စာ လေးကိုသိပါရစေ။

ဖြေ။ ဦးလေးရဲနာမည် ဦးသာကျော် အသက် ၆၄ နှစ် ချောင်းကောက်ရပ်ကွက် ရတနာလမ်းမှာနေ ထိုင်ပါတယ်။

မေး။ နိုင်တော်က ပြည်သူလူထုတရပ်လုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေတာတွေ့ရလို့ ဦးလေးအနေနဲ့ ဘယ်လိုခံစားရပါသလဲ။ ဖြေ။ ဦးလေးတို့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဟိုအရင်ကပင် ထိုးချင်ပါတယ် အကြောင်းအမျိုးမျိုးကြောင့် နိုင်တော်မှ ခုမှထိုးပေးရတယ်ဆိုတော့ ဦးလေးအနေနဲ့ နိုင်ငံတော်အပေါ်ရော ကျန်းမာရေးဌာနဝန်ထမ်းများ အပေါ်ရော အဖက်ဖက်မှ အကူအညီပေးနေကြတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ အားလုံး ကျေးဇူးတင်ပါတယ်။

မေး။ ဦးလေးအနေနဲ့ ပြည်သူတွေကို ဘာပြောချင်တာရှိလဲ ပြောပြပေးပါ။

ဖြေ။ ဦးလေးပြောချင်တာက ပြည်သူလူထုတရပ်လုံးအနေနဲ့ ခုလိုကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခွင့်ကြုံလို့ ထိုးရတုန်းထိုးကြပါလို့ မှာချင်ပါတယ် ကိုဗစ်-၁၉ရောဂါဟာ နောက်မလာတော့ဘူးလို့ ပြောလို့မရဘူး တကယ်လိုဖြစ်လာခဲ့ရင် ဆေးထိုးထားလို့ ခုစာခံသာတော့ရှိမယ်လို့ ထင်ပါတယ်။ ဆေးထိုးကြပါ နိုင်ငံတော်ကလည်း ဆေးထိုးပေးပါလို့ ပြောလိုပါတယ်။

တွေ့ဆုံမေးမြန်းသူ-စန်းဝင်း