မျိုးစေ့ထုတ်စိုက်ခင်းများအတွင်း(Field inspection)နှင့်(Scounting)နည်းဖြင့် ပိုးမွှားရေးဂါ ကင်းထောက်နည်းပညာစာတွေ့၊လက်တွေ့ဆွေးနွေး

တောင်ကုတ်     အောက်တိုဘာ  ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားရေးအတွက် မျိုးစေ့ထုတ် စိုက်ခင်းများအတွင်း(Fieldinspection)နှင့် (Scounting) နည်းဖြင့် ပိုးမွှားရေးဂါ ကင်းထောက်နည်းပညာ များကိုဆွေးနွေးသင်ကြားခြင်းများကို အောက်တိုဘာ ၉ ရက်နေ့ မှ ၁၀ ရက်နေ့အထိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ သင်ကြားဆွေးနွေးရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်လှလှဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းတို့မှ စာတွေ့လက်တွေ့ သင်ကြားခဲ့ခြင်း ဖြစ်ပြီး နတ်မော်ကျေးရွာမှ တောင်သူ ဦးသန်းမြင့် နှင့် ကြိုးကြာကွင်းကျေးရွာမှ တောင်သူ ဦးလူမောင်တို့၏ မျိုးစေ့ထုတ်စံပြစိုက်ကွင်းများအတွင်း တောင်သူများနှင့်ပူးပေါင်း၍ (Fieldinspection)နှင့် (Scounting) နည်းပညာ များဖြင့် ပိုးမွှားရောဂါကင်းထောက်စစ်ဆေးခြင်းများကို လက်တွေ့ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)