ချောင်းဆုံ အောက်တိုဘာ ၁၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးရွာနေပြည်သူများအား အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီက ပန်းခင်းစီမံ ချက်ဖြင့် ပင်လယ်ကမ်းစပ်ကျွန်းရွာတစ်ရွာဖြစ်သည့် ဟင်္သာကျွန်းကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အသက်၁၆ နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ်မရှိသေးသူများကို အဓိကထားဆောင်ရွက်ပေးခြင်းအပြင် အသက်၁၀ နှစ်နှင့်အထက် ပြည့်ပြီးသူတိုင်းနိုင်ငံသား ကတ်အသစ်ပြု လုပ်ပေးခြင်း၊လဲလှယ်ပေးခြင်းနှင့် ပျောက်ဆုံးခြင်းများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ရာတွင် သတ်မှတ်ထားသည့် အထောက်အထားများပြည့်စုံစွာဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် ချောင်းဆုံမြို့နယ်အတွင်းရှိပြည်သူများနိုင်ငံသားအခွင့်အရေး မဆုံး ရှုံးစေရန် ကိုင်ဆောင်သင့်သည့်ကတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေး၊ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ
ယမန်နေ့ကရွာလွတ် ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၆၂ ခု ကိုပြုလုပ်ပေးပြီး အိမ်ထောင်စုစာရင်းဖြည့်စွက်ခြင်းလူဦးရေစာရင်းပယ်ဖျက်ခြင်းကိုအိမ်ထောင်စု ၂၀၀ စုအား ပြုလုပ်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင် ရွက်ပေးခြင်းသည် "ပြည်သူများအားလူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီပန်းခင်းစီမံချက် ဖြင့် ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ စတင်ကာ ၂၀၂၂ ခုနှစ်နိုဝင်ဘာ ၃ ရက်နေ့ အထိ ၁၈ လတာ ကာလ အတွင်း ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)