ရန်ကုန် အောက်တိုဘာ ၁၀
လူတို့၏ ပုံမှန်နေထိုင်မှုဖြစ်စဉ်တွင် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်ရပ် တွင်ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားလာပါက စနစ်ကျစီမံခန့်ခွဲဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် ရန်ကုန်အရှေ့ပိုင်းခရိုင်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှအရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ၏လမ်းညွှန်ချက်များနှင့်အညီပြင်းထန်ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း( Trauma First Aid Training )သင်တန်းကို ယမန်နေ့၊ နံနက် ၉ နာရီက ခရိုင်ကြက်ခြေနီတပ်ဖွဲ့ရုံးတွင်ဖွင့်လှစ်ပို့ချပေးခဲ့သည်။
ဒီသင်တန်းတက်ရောက်သည့် သင်တန်းသူ၊ သင်တန်းသားများအနေနဲ့ အရေးပေါ် အခြေ အနေမှာ ပြင်းထန်ထိခိုက်ဒဏ်ရာရရှိသူများအတွက် လိုအပ်တဲ့ ရှေးဦးပြုစုခြင်းများဖြင့် အချိန် မီအသက်ကယ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုမျိုးမှ ကင်းဝေး နိုင်စေရန် ရည်ရွယ်ကြောင်း၊ အရှေ့ပိုင်းခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ခရိုင် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးခင်သန်း ၏ ပြောပြချက်အရ သိရသည်။
အဆိုပါသင်တန်းတွင် နည်းပြဆရာ (၂) ဦးက သင်ကြားပို့ချပြီး၊ သင်တန်းသား သင်တန်းသူ (၂၀)ဦးတက်ရောက်ကြောင်း၊ သင်တန်းကာလမှာ အောက်တိုဘာ ၉ ရက်မှ ၁၀ ရက်အထိ (၂ )ရက်ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)