ကျိုက်မရော အောက်တိုဘာ ၁၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြား လျက်ရှိသော အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ကာကွယ်ဆေးကို အောက်တိုဘာ ၁၂ ရက်နေ့တွင် စတင်ထိုးနှံရန်အတွက် ယနေ့ နံနက် ၉ နာရီက အထက ကျိုက်မရော ကျောင်းခန်းမတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ပြင်ဆင်ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ဆေးထိုးရာ၌ မိဘများ၏ သဘောတူညီချက်ကို ကြိုတင်ရယူထားပြီး ဖြစ်ကြောင်း၊ ဆေးထိုးစုရပ်စင်တာကြီး ၃ ခုထားရှိပြီး ဆေးထိုးစုရပ်အခွဲများကိုလည်း မိုဘိုင်းစနစ်ဖြင့် သွားရောက်ထိုးနှံနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း၊ ဆေးထိုးရမည့်စုရပ် ၃ ခုမှာ အထက ကျိုက်မရော၊ အထက တောင်ကလေး၊ အထကတရနာ ကျောင်းများဖြစ်ကာ ဆေးဖိုးရန် လျာထားဦးရေမှာ တစ်မြို့နယ်လုံးတွင် (၈၁၃၅)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးသွားရန် ပြင်ဆင်ဆောင်ရွက်ထားပါတယ်။
ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ကာကွယ်ဆေးထိုး လုပ်ငန်းများ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား မိဘများက ပူးပေါင်းပါဝင်ပြီး ကာကွယ်ဆေးထိုးပေးခြင်းကို စုပေါင်း ဆောင်ရွက်သွားရန် ကြိုတင်ပြင်ဆင် လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ ဆက်)