သုံးခွ အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံဆန်၊ စပါးကုန်သည်များ အသင်းနှင့် မြို့နယ်စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအား စား၀တ်နေရေး အစဉ်ပြေစေရန် ဆိတ်သား၊ အမဲသား၊ ဆန်၊ ဆီ၊ ကြက်ဥ စသည့် စားသောက်ကုန်ပစ္စည်းများကို ဈေးကားများဖြင့် ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်က သုံးခွမြို့မဈေး အနောက်ဘက် ရှင်စောပုလမ်းတွင် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး ခဲ့ကြောင်း သိရသည်။
ယင်းသို့ရောင်းချရာတွင် အမဲသား ၁ ပိဿ ၁၂၀၀၀ကျပ်၊ ဆိတ်သား ၁ ပိဿ ၁၇၀၀၀ ကျပ်၊ ဆီငါးဆယ်သားတစ်ဗူးလျှင် (၁၈၅၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥ(၁၀)လုံး(၁)ကဒ်လျှင် (၁၃၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် (၁၇၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ရိုးရိုးဆန် တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း ရွှေလျား မော်တော်ယာဉ် နှစ်စီးဖြင့် လာရောက်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှ နှင့် စည်ပင်ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)