ကျောက်မဲ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်ထုများအကြား စာဖတ်သည့် အလေ့အကျင့် ကောင်းများ တိုးပွားစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုး သူများအကြား ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်ရရှိစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နှင်းရည်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဦးစွာရှင်းလင်း ပြောကြားသည်။
ယင်းနောက် ခရိုင်ဦးစီးမှူး ဒေါ်နှင်းရည်က စာရေးဆရာ မောင်စည်သူ(အဖျောက်) ရေးသားထားသည့် တာဝန်သိစိတ်၊ တာဝန်ယူသိစိတ် စာအုပ်မှ "အတုခိုးမမှားပါနှင့်" "စာပေအသိ" တို့ကိုလည်းကောင်း၊ Book Club အဖွဲ့ဝင် ဆရာမဒေါ်နှင်းနှင်းအေးနှင့် ဆရာမ ဒေါ်မိုးမိုးကြည်တို့က စာရေးဆရာ ချစ်ဦးညို၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာ စာအုပ်မှ အကြောင်းအရာများကို လည်းကောင်း၊ ဆရာမဒေါ်ညိုညိုစိန်က စာရေးဆရာ ဦးအောင်သင်း ရေးသားထားသော နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ စာအုပ်မှ "ကံဆိုးတိုင်းမိုးမရွာပါ" ဆောင်းပါးအားလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေး ခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာဖတ်ဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ၎င်းတို့၏ အမြင်များကို ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)