သိန္နီမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုပပျောက်သွားစေရေးအတွက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိ

သိန္နီ    အောက်တိုဘာ  ၁၀

လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ဆက်လက်ကူးစက်ဖြစ်ပွားနေမှုအား လျော့ နည်းပပျောက်သွားစေရေးအတွက် ထိရောက်စွာကာကွယ် ထိန်းချုပ်နိုင်စေဖို့အတွက် လားရှိုးခရိုင်၊   သိန္နီမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီအနေဖြင့် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ထိရောက်သော ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများအား  အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ၌  သိန္နီမြို့နယ်    နမ့်စလပ်ကျေးလက်  ကျန်းမာရေးဌာနနှင့်ဌာနခွဲဝန်ထမ်းများက ယမန်နေ့က ဆိုင်ကျောက်ကျေးရွာရှိ ပြည်သူလူထု(၈၉)ဦးနှင့်  သိန္နီမြို့ နယ်ပြည်သူ့ဆေးရုံသို့တက်ရောက်ကုသနေသူ လူနာ(၆)ဦး တို့အား RDT Test Kit ဖြင့်စစ်ဆေး ခဲ့ရာ COVID – 19 အတည်ပြုလူနာ(၄)ဦးအား စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်းမာရေးစင်တာများသို့ပို့ဆောင် ပြီး ဆေးကုသမှုခံစေလျက်ရှိ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)