သီပေါ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ် ( မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်မြို့တော်ခန်းမ စုရပ်နေရာတွင် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) တတိယအသုတ် (ပထမ အကြိမ်) ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးကို ထိုးနှံပေးရာတွင် ယမန်နေ့က လူဦးရေ(၂၀၅)ဦးကို ထိုးနှံပေးခဲ့ပြီး ၊ စုစုပေါင်း လူဦးရေ (၆၆၇၉)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ယခုထိုးနှံပေး လျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံသည့်နေရာသို့ ဆေးထိုးရန်လာရောက်သော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊ လက်သန့် ဆေးရည်ဖြင့် သန့်စင်စေခြင်း ၊ သွေးပေါင်ချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများကို ကျန်းမာရေး ဝန်ထမ်းများ ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်း များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှသိရသည်။
ခင်လေး