ပေါင် အောက်တိုဘာ ၁၀
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက် ၉နာရီက တတိယအသုတ်အနေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စုရပ် (၇)နေရာ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအတွက် ပေါင်မြို့နယ်တွင် စုရပ် (၇) နေရာ သတ်မှတ်ကာ အသက် ၅၅နှစ်နှင့်အထက် မသန်စွမ်းသူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးအစရှိသည့် နာတာရှည် ရောဂါအခံရှိများ၊ ဆရာတော်သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများကို ဦးစားပေးသတ်မှတ်ချက် အဆင့်များအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ထိုးနှံပေးလျက်ရှိပြီး ပထမအသုတ်အနေဖြင့် ဆေးထိုးနှံပြီးသူ (၉၁၅၈)ဦးရှိပြီး အောက်တိုဘာ ၉ ရက်နေ့ထိ ဒုတိယအသုတ်နှင့်တတိအသုတ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ (၅၁၉၅၅)ဦး ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ မြို့နယ်မီးသတ်ဆပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေး လျက်ရှိ ကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်