ကျိုင်းတုံ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသခံပြည်သူများအာ ဦးစားပေးအုပ်စုများ အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆီနိုဖန်း ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များတွင် တာဝန်ရှိသူများက ထိုးနှံပေးသည်။
ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးရာ လူဦးရေး ၁၃၅၅ ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက် အထက(၇)၊ အမှတ်(၂)ရပ်ကွက် တိုင်းနေခန်းမ၊ အမှတ်(၃)ရပ်ကွက် ပါလျန်ဘုန်းတော်ကြီးကျောင်း၊ အမှတ်(၄)ရပ်ကွက် အထက(၃)၊ အမှတ်(၅)ရပ်ကွက် ဆူဖူးမား ဘုန်းတော်ကြီးကျောင်း ဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးပြီး ကျိုင်းတုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိ သူများ အား တာဝန်ရှိသူများက ဆက်လက်ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)