မိုင်းရယ် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ယမန်နေ့မှစ၍ မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမနှင့် မန်ကျောင်း ပန်ရှင်ဘုန်းတော်ကြီးကျောင်းတို့တွင် အသက်(၁၈)နှစ်အထက် ရှိသူများအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်- ၁၉ ကာကွယ်ဆေး အသီးသီး ထိုးနှံပေးခဲ့သည်။
မိုင်းရယ်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် တတိယအသုတ် ပထမအကြိမ်ထိုးနှံရမည့် ဦးတည် အုပ်စုအလိုက် ကာကွယ် ဆေးထိုးနှံမှုတွင် ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၂၇၅ ဦးရှိပြီး ဆေးထိုးနှံရန်ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးသွားမည် ဖြစ် ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစီုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကမ်းမယ့်လက် ပရဟိတအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျော်ဇင်ထိုက်