မိုင်းရယ် အောက်တိုဘာ ၁၀
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့် တိုက်ခန်းမတွင် မသန်စွမ်းသူဆိုင်ရာအခွင့်အရေး အသိပညာပေး Talk Show ကို ပြုလုပ်သည်။
အဆိုပါ အသိပညာပေး Talk Show တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနောင်ထက်အောင်က မသန်စွမ်းသူအမျိုးအစားများ၊ မသန်စွမ်း သူများ၏ အခွင့်အရေး ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အလမ်းများ၊ မသန်စွမ်းသူများအခွင့်အရေးဉပဒေများ၊ မသန်စွမ်းသူများအပေါ် ပြုမူပြောဆို ဆက်ဆံသင့်သည့်အချက်များနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများ၊ အမြင်အာရုံ မသန်စွမ်းသူများ၊ အကြားအာရုံမသန်စွမ်းသူများ၊ ဉာဏ်ရည်မသန်စွမ်းသူ များအနေဖြင့် ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်နိုင်ရန်နည်းလမ်းများနှင့် မိုင်းရယ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မသန်စွမ်းသူဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ဇင်ထိုက်