ပင်လောင်းမြို့နယ်တွင် အသက်၁၈နှစ် မှအသက် ၆၅နှစ်ကြား ပြည်သူစုစုပေါင်း ၁၄၀၂၂ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinophram ထိုးနှံပေးပြီးဖြစ်

ပင်လောင်း    အောက်တိုဘာ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်တွင်ရပ်ကွက်၊ကျေးရွာအုပ်စုများနှင့်စက်ရုံ၊ အလုပ်ရုံများမှအသက်၁၈ နှစ်မှ ၆၅ နှစ် ကြားမိဘပြည်သူများနှင့် ဦးစားပေးအုပ်စုများအလိုက် ပါ၀င်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယ အသုတ်) ပထမအကြိမ် ထိုးနှံပေးခဲ့ရာ ယမန်နေ့ အထိပြည်သူစုစုပေါင်း ၁၄၀၂၂ ဦးထိုးနှံ ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ပင်လောင်းမြို့နယ်အတွင်းသတ်မှတ်ဆေးထိုးစုရပ်များအပြင်ကျေးလက်နေပြည်သူများထံသို့အရောက်သွား၍ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ပင်လောင်းမြို့နယ် ဘက်စုံခန်းမတွင် ၁၂၇၅ဦး၊ နောင်တရားမြို့ အ.မ.က ကျောင်းကုန်းတွင် ၅၀ဝ ဦး၊ ပေါင်းလောင်း မြို့ အ.ထ.က(တလိုင်းမ) ကျောင်းတွင် ၃၄၀ ဦးတို့အားထိုးနှံ ပေးနိုင်ခဲ့ပြီး၊ ဦးစားပေးအုပ်စုများ ဖြစ်သည့် အစိုးရကျန်းမာရေး၀န်ထမ်း ၇ ဦး၊ စေတနာ/ပရဟိတ ၀န်ထမ်းများ ၃၁ ဦး၊ဘုန်းကြီး/သီလရှင် ကျောင်းနှင့်သာသနာ့၀န်ထမ်းများ ၁၃၄ ဦး၊ နိုင်ငံ့၀န်ထမ်းများ ၄၅၇ ဦး၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ၀န်ထမ်းများ ၄၄၃ ဦး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ၅၁ ဦး၊ပုဂ္ဂလိက ဘဏ်နှင့် ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းမှ ၁၅ ဦး၊ ပုဂ္ဂလိက ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းများမှ ၂ ဦး၊ အခြား၀င်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူများ ၁၁၅၈၁ ဦး၊စားသောက် ကုန်ပစ္စည်း ရောင်းချသူများ/လက်ဖက်ရည်ဆိုင်/စားသောက်ဆိုင်မှ ၀န်ထမ်းများ ၁၆၅ ဦး၊ မှီခိုသူများ ၁၁၁၈ ဦး၊ မသန်စွမ်းသူများ ၁၆ ဦး၊ အစိုးရမဟုတ် သောပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများမှ ၀န်ထမ်းများ ၂ ဦး၊ စုစုပေါင်း ၁၄၀၂၂ ဦး၊ အားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ပင်လောင်းမြို့၊နောင်တရား မြို့နှင့်ပေါင်းလောင်းမြို့အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများမှ ပြည်သူများအား ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်းမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ထွန်းလင်း(ပင်လောင်း)