မဟာအောင်မြေမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ပေးလျက်ရှိ


         မဟာအောင်မြေ၊ အောက်တိုဘာ ၁၀
        

မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စု လူဦးရေ စာရင်းများကို ကွင်းဆင်း၍ လည်းကောင်း၊ ရုံးသို့ခေါ်ယူ၍ လည်းကောင်း ဆောင်ရွက် ပေးလျက်ရှိရာ အောက်တိုဘာလ ၈ ရက်နေ့က တက္ကသိုလ်ရပ်ကွက်အုပ်ချုပ်‌ ရေးမှူးရုံးတွင်ရပ်ကွက် အတွင်းရှိ နိုင်ငံသားကတ်ပြားမရှိ‌ သေးသည့်ပြည်သူများအား နိုင်ငံသားကတ်ပြားရရှိ အောင်ဆောင်ရွက်‌ ပေးလျက်ရှိကြောင်း သိရသည် ။

ရှေးဦးစွာ နိုင်ငံသားစိစစ်ရေးကတ်ပြားပြု လုပ်ရန်လာရောက် သူမျာကိုလူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်က ပန်းခင်း စီမံချက်အကြောင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူများကို နိုင်ငံသား ကတ်ပြုလုပ် ပေးရသည့် ရည်ရွယ် ချက်၊နိုင်ငံသား တစ်ဦးအနေဖြင့် ရရှိမည့်အကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြားပြီး ရပ်ကွက် အတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူ ပြည်သူများအားနိုင်ငံသား စိစစ်ရေး ကတ်ပြားများ  ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို ပန်းခင်းစီမံချက် ဖြင့် (၃.၅.၂ဝ၂၁ )မှ  စတင်ပြီး  ကွင်းဆင်း၍လည်းကောင်း၊ ကိုဗစ် ကာလမှာ လူစု လူဝေးမဖြစ်စေရန် နှင့် ရုံးဝန်ထမ်း များအား ရောဂါကူးစက်မှု ကင်းဝေးစေရန် ရုံးသို့ ခေါ်ယူ၍လည်းကောင်း ကိုဗစ်စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိသည်၊၊ မဟာ အောင်မြေမြို့နယ်လူဝင်မှုကြီးကြပ်‌ ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့်စ‌နေ၊တနင်္ဂနွေ ရုံးပိတ်လည်းများတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်တာဝန်ရှိ သူများနှင့် ညှိနှိုင်းကာဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေါ်ခင်နှင်းဆီ