ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် သံတွဲမြို့များသို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိ

 

စစ်တွေ   အောက်တိုဘာ ၁၀

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နှင့် သံတွဲမြို့များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိလာကြောင်းသိရသည်။

ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Sinopharm များကို စံချိန်စံညွန်းများအတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် သံတွဲမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံးအရေအတွက် ၉၀၀၀၀ လုံးနှင့် စစ်တွေမြို့သို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  Sinopharm အလုံးအရေအတွက် ၂၇၂၀၀ လုံးတို့အား တပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိလာရာ မြို့နယ်အလိုက် တာဝန်ရှိသူများက လက်ခံရရှိကြောင်းနှင့်  ရခိုင်ပြည်နယ်အတွင်း အခြားမြို့နယ် အသီးသီးနှင့်ချင်းပြည်နယ် ပလက်ဝမြို့သို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဦးရေ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)