ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလုံးဝမထိုးရသေးသည့်ပြည်သူများအား ထပ်မံထိုးနှံပေး

ပင်လုံ  အောက်တိုဘာ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် ပြည်သူများအား ယနေ့နံနက်(၉:၃၀)နာရီအချိန်မှစတင်၍ ပင်လုံမြို့ အထက(၁)ကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပပ်မံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာနေရာသို့ ပင်လုံမြို့ရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝ မထိုးနှံရသေးသည့်ပြည်သူ (၃၀၀)ဦး လာရောက်၍ ကာကွယ်ဆေးထိုးနှံကြကြောင်းနှင့် အဆိုပါကာကွယ် ဆေးထိုးနှံရာ နေရာသို့ ပင်လုံမြို့ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့်ဝန်ထမ်းများ၊ ပင်လုံမြို့ အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီမှဥက္ကဋ္ဌ ဦးလောယုံ နှင့်အဖွဲ့၊ လွိုင်လင်မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ လာရောက်ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

ပင်လုံ ပြန်/ဆက်