ကော့မှူး အောက်တိုဘာ ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် မြို့မဈေးကြီး အရှေ့တွင် ယမန်နေ့ နံနက်ပိုင်းက လာရောက်ရောင်းချ ပေးနေကြောင်း သိရသည်။
ကျွန်မနာမည် ဒေါ်ကြင်ဌေးပါ။ အခုလိုလာရောက် ရောင်းချပေးတဲ့အတွက် ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါတယ် ကျွန်မတို့က လက်လုပ်လက်စားတွေ အနေဖြင့် အပြင်ဆီဈေးနှုန်းက (၅၅၀၀)/(၆၀၀၀) ဖြစ်နေချိန် လာရောက်ရောင်းချပေးတာ ကျေးဇူးတင် ပါတယ်။ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်ပေးသူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းအနေဖြင့် ပြည်သူများ ဈေးနှုန်း သက်သာစွာဝယ် ယူစားသောက်နိုင်ရေးနှင့် စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေးအတွက် တစ်ပိသာလျင် (၃၈၀၀)ကျပ်နှုန်းဖြင့် ဒေသခံပြည်သူများ ဝယ်ယူစားသုံးနိုင်ရေး လာရောက် ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူရ-ကော့မှူး(ပြန်/ဆက်)