မောင်တော အောက်တိုဘာ ၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့မတောင် ရပ်ကွက်အနီးရှိ လမ်းသွားလမ်းလာ ပြည်သူများအား ယမန်နေ့နံနက် ၉ နာရီ အချိန်က ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ် ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ စေတနာ့ လုပ်အားရှင်များ ပူးပေါင်းကာ မြို့မတောင်ရပ်ကွက်အနီးရှိ လမ်းသွား လမ်းလာ ပြည်သူများအား အထဲမှ မိမိသဘောဆန္ဒအရ လာရောက် စစ်ဆေးခံသူများအား စစ်ဆေးပေးခဲ့ရာ လမ်းသွား လမ်းလာ ပြည်သူ စုစုပေါင်း (၅၂) ဦး အား စစ်ဆေး ပေးနိုင်ခဲ့ပြီး ၎င်းတို့တွင် ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်း မာရေး ဦးစီးဌာမှ သိရ သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များ နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးခဲ့ကြသည်။
သက်လွင်စိုး