ဒဂုံအရှေ့ အောက်တိုဘာ ၉
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရန် ရည်ရွယ်ပြီး ပန်းခင်းစီမံချက်ဖြင့် ယနေ့ နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်ရှိ ပြည်သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် လူ၀င်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ၀န်ထမ်းကများက အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများကို ဆောင်ရွက်ပေးခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်း အသက်(၁၀)နှစ်အထက်ရှိသူများ၊ အသက်(၁၈)နှစ် မပြည့်သေးသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို နိုင်ငံသားစီစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း မရှိသော မိသားစုများကို အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိသည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခြင်းကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးသောင်းထွဋ်ဦးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခြင်း၊ လူစည် ကားရာနေရာများတွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့'' ဗွီနိုင်းပိုစတာများ ချိတ်ဆွဲ၍ ပြည်သူများသိရှိနိုင်စေရန် ဆောင်လျက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ရပ်ကွက်များအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အေးမဉ္ဇူ( ပြန်/ဆက်)