အသက်(၁၂)နှစ်အထက် အခြေခံပညာအထက်တန်းနှင့် အလယ်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ် သက်၍ မုဒုံမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့နှင့် တွေ့ဆုံမေးမြန်း ထား သည်ကို ဖော်ပြလိုက်ပါသည်။
ဦးတင့်ဇော်
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး
မေး။ မင်္ဂလာပါ ဆရာ မကြာမီ အသက်(၁၂)နှစ်အထက် အခြေခံပညာအထက် တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမယ့် လုပ်ငန်းတွေမှာ ဆရာတို့အနေနဲ့ ပညာရေးဌာနကို ဘယ်လိုကူညီပံ့ပိုး ပေးဖို့ စီစဥ်ထားပါသလဲခင်ဗျာ။
ဖြေ။ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့အတွက် ဆရာတို့ကို ပြည်နယ် ကိုဗစ်- ၁၉ ကာကွယ်ထိန်ချုပ်းရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီရဲ့ ညွှန်ကြားချက်အရ မြို့နယ်အတွင်းမှာရှိတဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ မြို့နယ်ကျန်းမာရေးမှူးတွေ မြို့နယ်ပညာရေးဝန်ထမ်းတွေ မြို့နယ် လူကယ်/ပြန်တွေနဲ့ ဘေးစီမံ တွေ စုပေါင်း ပြီးတော့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အသေးစိတ် စီမံချက်တွေ ကိုတော့ ဆရာတို့ဌာနရဲ့ အစည်းအဝေးခန်းမမှာ ဆွေးနွေး ခဲ့ပါတယ်။ ဆရာတို့ မုဒုံမြို့နယ်မှာဆိုရင်တော့ အထက်တန်းနှင့် အလယ်တန်းကျောင်း (၃၈)ကျောင်း၊ ကိုယ်ပိုင်စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းတော်ကြီးစာသင်ကျောင်း (၁)ကျောင်း စုစုပေါင်း(၄၁)ကျောင်းပေါ့ အဲ့တော့ စာသင်ကျောင်း(၁၀) ကျောင်းမှာဘဲ ဆရာတို့က ဆေးထိုးစုရပ်အနေနဲ့ စုစည်းပြီးတော့ ကာကွယ်ဆေးလိုက်လံထိုးနှံမယ့် ကျန်းမာရေး အဖွဲ့ (၃)ဖွဲ့နဲ့ ဒီကျောင်းသားပေါင်း ၈၄၆၅ ဦးကို လျာထားဆေးထိုးရက် (၈)ရက်နဲ့ စီစဉ်ဆောင်ရွက်ထားပါတယ်။ မြေပြင်မှာလည်း အုပ် ချုပ်ရေးမှူးကိစ္စတွေ လုံခြုံရေးကိစ္စတွေကို ဆရာတို့ရဲ့ အုပ်ချုပ်ရေးကဏ္ဍကနေ ဦးစီးဦးဆောင်တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ဆရာတို့ဌာန၊ ပညာရေးဌာန၊ သက်ဆိုင် ရာဌာနတွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်ရင်းတပ်ဖွဲ့များတို့ကိုလည်း ဆရာတို့က ပူး ပေါင်းပြီးတော့မှ လုပ်ငန်းဆောင်ရွက်ချက်များကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နောက် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ကျောင်းသားမိဘတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတော်အစိုးရအစီစဉ်နဲ့ ကာကွယ်ဆေးကတော့ တရုတ်နိုင်ငံထုတ် Sinovaic ဆေး အမျိုးအစားကို ထိုးနှံပေး သွားမှာ ဖြစ်ပါတယ်။
ဒေါ်မြဝင်း
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ပညာရေးမှူး
မေး။ ဆရာမကြီးတို့ရဲ့ အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းတွေ မှာ နိုင်ငံတော်ရဲ့အစီအစဥ်နဲ့ အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံမယ့် လုပ်ငန်းတွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေလေးကို သိချင်ပါတယ်ခင်ဗျာ။
ဖြေ။ အသက် (၁၂)နှစ်ပြည့်ပြီး ကလေးများကို ကာကွယ်ဆေးထိုးဖို့အစီအစဉ် တွေကို ဆရာမကြီး တို့မြို့နယ်အနေ နဲ့တော့ အခြေခံပညာအထက်တန်း/အလယ်တန်း ကျောင်းအုပ်များနှင့်အစည်းအဝေးခေါ်ပြီး တဲ့အခါမှာ ပြည်နယ်ပညာရေးမှူးရုံးက ပေးပို့တဲ့ ကျောင်းသားစာရင်းကို အခြေခံပြီး ဆရာမကြီးတို့က စာရင်းရှိ၊ အပ်နှံ၊ တက်ရောက်စာရင်းကို သေသေချာချာပြုစုရပါတယ်၊ ပြီးတဲ့အခါ ကောက်ထားတဲ့ စာရင်းတွေကို VMIS စနစ်နဲ့ဖြည့်သွင်းခြင်းကိုလည်း ကြိုတင်ဆောင်ရွက်ရပါတယ်၊ ဆရာမကြီးတို့ရဲ့ ကျောင်းမိသားစု ခေါင်းဆောင်တွေကိုလည်း ရွေးချယ်သတ်မှတ် ထားပြီးတော့ တာဝန်ပေးပါတယ်။ နောက်ပြီးတော့ ကာကွယ်ဆေးထိုးမယ့် စုရပ်တွေကို လာရောက်တဲ့ သတ်ဆိုင်ရာကျောင်းမှတစ်ဆင့်လာရတဲ့အခါ စနစ်တကျလာ ရောက်ဖို့ ဘေးအန္တရာယ်ကင်းစွာ လာရောက်ဖို့ အစီအစဥ်တွေကိုလည်း ရေးဆွဲရပါတယ်၊ ဆေးထိုးစုရပ် ပင်မကျောင်းတွေမှာပေါ့နော် ကျောင်းသားစာရင်းဖြည့်သွင်း မယ် ဆေးထိုးမယ့်အခန်း ဆေးထိုးပြီးစောင့်ဆိုင်းမယ့် အခန်းတွေကိုလည်း ကြိုတင် ပြင်ဆင်ထားပါတယ်။
မေး။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးမယ့်စုရပ်နေရာနှင့် ကျောင်းသားကျောင်းသူဦးရေကို သိချင်ပါတယ်ခင်ဗျာ။
ဖြေ။ ။ ကာကွယ်ဆေးထိုးပေးမယ့် စုရပ်တွေက အ.ထ.က (ကွေ့ဝမ်း) ပင်မ ကျောင်းမှာဆိုရင် အထက်တန်း (၁၀၈)ဦး အလယ်တန်း (၅၀၉)ဦး အ.ထ.က (ခွဲ)ကော့ခပုံ ပင်မကျောင်းမှာဆိုရင် အထက်တန်း(၉၃)ဦး၊ အလယ်တန်း(၇၃၉) ဦး ၊ အ.ထ.က(၁)မုဒုံ ပင်မကျောင်းမှာဆိုရင် အထက်တန်း(၂၀၈)ဦး၊ အလယ်တန်း(၇၁၈) ဦး၊အ.ထ.က(၂) ပင်မကျောင်းမှာဆိုရင် အထက်တန်း(၉၇)ဦး၊ အလယ်တန်း(၂၅၂)ဦး ၊ အ.ထ.က (ကော့ပရံ) ပင်မကျောင်းမှာဆိုရင် အထက်တန်း(၈၄)ဦး၊ အလယ်တန်း (၃၅၅)ဦး၊ အ.ထ.က(တံခွန်တိုင်) ပင်မကျောင်းမှာဆိုရင် အထက်တန်း(၂၂၄)ဦး၊ အ လယ်တန်း(၇၇၅)ဦး၊ အ.ထ.က(ညောင်ကုန်း) ပင်မကျောင်းမှာဆိုရင် အထက်တန်း (၁၅၃)ဦး၊ အလယ်တန်း(၆၈၃)ဦး၊ အ.ထ.က(ကမာဝက်) ပင်မကျောင်းမှာဆိုရင် အထက်တန်း(၂၉၀)ဦး၊ အလယ်တန်း(၉၅၃)ဦး၊ အ.ထ.က(ကလော့သော့) ပင်မ ကျောင်းမှာဆိုရင် အထက်တန်း(၂၆၄)ဦး၊ အလယ်တန်း(၈၄၁)ဦး၊ အ.ထ.က(ခွဲ) နှီးပဒေါ ပင်မကျောင်းမှာဆိုရင် အထက်တန်း(၂၅၃)ဦး၊ အလယ်တန်း (၈၆၆)ဦး စုစုပေါင်း ဆေးထိုးစုရပ်ပင်မကျောင်း (၁၀)နေရာနဲ့ ကျောင်းသား ကျောင်းသူ ၈၄၆၅ ဦး ထိုးနှံပေးသွားမှာဖြစ်ပါတယ်။
မေး။ ။ ကျောင်းသား ကျောင်းသူ တွေကို ဆေးထိုးစုရပ်နေရာတွေမှာ ကာကွယ် ဆေးထိုးနှံနိုင်ဖို့အတွက် အသိပေးချက်တွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲခင်ဗျာ။
ဖြေ။ ဆရာမကြီးတို့ကတော့ ကျောင်းအုပ်ကြီးများတို့ကို ခေါ်ယူအသိပေးတယ်၊ ပြီးတဲ့အခါမှာ ကျောင်းအုပ်ကြီးများမှတစ်ဆင့် ကျောင်းသားမိဘများကို ကာကွယ် ဆေးထိုးနှံမယ့်ကိစ္စကို ကြိုတင်ပြီးတော့ အသိပေးနှိုးဆော်ထားပါတယ်၊ ပြီးတဲ့အခါမှာ ကျောင်းသားမိဘတွေက ဒီကာကွယ်ဆေးထိုးနှံမယ့်လုပ်ငန်းတွေကို သဘောတူညီ ချက်ရယူဖို့ကိုလည်း အသိပေးထားပါတယ်။
မေး။ ကျောင်းတွေဖွင့်တဲ့အခါမှာ ဆရာ၊ဆရာမတွေအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီးပါသလားခင်ဗျာ။
ဖြေ။ ။ အများစုအနေနဲ့ကတော့ထိုးပြီးသားပါဘဲကျန်တဲ့ဆရာ၊ ဆရာမတွေကတော့ နို့တိုက်မိခင်ရယ် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အခြားကျန်းမာရေးအခြေအနေကြောင့် တွေလည်း ကျန်သလောက်ကျန်ပါတယ်။
မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်ကာကွယ် ဆေးထိုးနှံပေးနိုင်အပေါ် ဆရာမကြီးရဲ့ ပီတိစကားသံလေးကိုပြောကြားပေးပါခင်ဗျာ။
ဖြေ။ အတိုင်းမသိဝမ်းသာမိပါတယ် ကျောင်းသား ကျောင်းသူတွေ ကျောင်းပြန် ဖွင့်တဲ့အခါမှာ ဘေးအန္တရာယ်ရောဂါ ကင်းကင်းရှင်းရှင်းနှင့် နိုင်ငံတော်ရဲ့စီစဉ်မှုအ တွက် ဆရာမကြီးအနေနဲ့ ပီတိဖြစ်ရပါတယ်။ ပြီးတော့ ကျောင်းတွေမှာ စိုစိုပြေပြေ နဲ့ကျောင်းတွင်းစိမ်းလန်းစိုပြေရေး၊ ကျောင်းသား ကျောင်းသူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စာသင်ယူနေတဲ့ မြင်ကွင်းမျိုးကိုဘဲ ဆရာမကြီးတို့မြင်တွေ့ချင်ပါတယ်။
မေး။ ။ ဆရာမကြီးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ ခင်ဗျာ။
ဖြေ။ ။ ဖြည့်စွက်ပြောချင်တာကတော့ ဆရာမကြီးတို့အနေနဲ့ ယခုလို ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့ လုပ်ငန်းမှာ ပူးပေါင်းပါဝင် ပေးပါသော မြို့နယ်အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ အခြား ဌာနဆိုင်ရာတွေက ဝန်ထမ်းများကိုလည်း မြို့နယ်ကိုယ်စားဆရာမကြီးက အထူးပင် ကျေးဇူးတင်ပါတယ်၊ ဒီရောဂါကင်းရှင်းပြီးကျောင်းကို မြန်မြန်ဖွင့်ချင်ပါတယ်၊ ဒါမှ လည်းကျောင်း လုပ်ငန်းတွေကို အချိန်မီမီနဲ့ ဆောင်ရွက်နိုင်မယ်၊ ကျောင်းဖွင့်တဲ့ အချိန်မှာလည်း ကျောင်းစာ သင်ကြားရေးကိုဘဲ ဦးစားပေးပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အောင်မျိုးသူ(ပြန်/ဆက်)