ဇမ္ဗူသီရိ အောက်တိုဘာ ၈
မယဉ်ယဉ်ထွေး
အောင်ဇမ္ဗူရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်
ကျွန်မနာမည်က မယဉ်ယဉ်ထွေးပါ။ အောင်ဇမ္ဗူရပ်ကွက်မှာနေတာပါ။ ကျွန်မစပြီး ကူးစက် တာက အသိမောင်လေးတစ်ယောက်ဆီက၊ သူနဲ့စကားပြောချိန်က (Mask) မတပ်ခဲ့မိဘူး။ သူလည်း (Mask) မတပ်ထားဘူး။ ခြောက်ပေအကွာလည်း မနေလိုက်မိဘူး။ အဲ့ချိန်မှာ သူက နည်းနည်း ဖျားနေတယ်။ ကျွန်မထင်လိုက်တာက ရိုးရိုးတုပ်ကွေးလို့ပဲ ထင်မိတယ်။ နောက် ၁ ရက် ၂ ရက် လောက်နေတော့ နှာစေးလာတယ်၊ ချောင်းဆိုးလာတယ်။ ကိုယ့်စိတ်ထဲမှာတော့ ပုံမှန် တုပ်ကွေး ဖြစ်တယ်လို့ပဲ ထင်မိတယ်။ အဲ့နေ့ကျတော့ ဒီအသိမောင်လေးရဲ့ လက္ခဏာက လုံးဝကို သွားလို့လာလို့ မရတဲ့အခြေအနေကျတော့ သူက သူ့ရဲ့ ရွာဘက်ကနေ စစ်လိုက်တယ်။ အဲ့မှာ ကိုဗစ် Positive ထွက်တယ်။ အဲ့တော့ သေချာပြီ၊ ကျွန်မလည်း သူနဲ့ စကားပြောမိလိုက်တော့ ကူးနိုင်ခြေရှိတယ်ဆိုပြီး စစ်ကြည့်လိုက်တော့ ကျွန်မလည်း ကိုဗစ် Positive တွေ့တယ်။ တွေ့တော့ ကျွန်မကုသရေး Center မှာ ကုသမှုခံယူတယ်။ ကုသရေး Center ရောက်ပြီး ၂ ရက် မြောက်နေ့ကျတော့ အနံ့စပျောက်တယ်။ အရသာတွေမသိတော့ဘူး။ အစားလည်း လုံးဝ မစားချင် လောက်အောင်ဖြစ်တယ်။ ဆရာ/ဆရာမတွေ ညွှန်ကြားတဲ့အတိုင်း ဆေးသောက်တယ်။ ကျွန်မကနို့တိုက်မိခင်လည်းဖြစ်တယ်။ ကာကွယ်ဆေးလည်း မထိုးထားဘူး။ ကိုယ်ခံအားလည်း နည်းတော့ စိတ်ဆင်းရဲခဲ့ရတယ်။ အဲ့လိုလေးတွေတော့ ဖြစ်ခဲ့တယ်။ အနံအရသာကတော့ ၁ ပတ်လောက်နေတော့ ပြန်ရတယ်။ အဓိကကတော့ လူတိုင်း ကိုဗစ်မဖြစ်အောင် ကာကွယ် စေချင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာ နေကြမယ်။ စကားပြောရင်ပဲဖြစ်ဖြစ် အပြင်ထွက်ရင်ပဲဖြစ်ဖြစ် (Mask) တပ်စေချင်တယ်။ ဖြစ်နိုင်ရင် Face Shield ပါ တပ်စေ ချင်ပါတယ်။ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ကြတော့မယ်ဆိုရင် တစ်ခါသုံးလက်အိတ်တွေကို သုံးစေချင်ပါတယ်။ အဓိကကတော့ ကိုဗစ် မဖြစ်အောင် သတိနဲ့ကာကွယ်ပြီးနေစေချင်ပါတယ်။ ပြည်သူအားလုံးကိုလည်း ကိုဗစ် ကာကွယ်ဆေးထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်။
ကိုသားကြီး
သုခသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်
ကျွန်တော့နာမည်က ကိုသားကြီးပါ။ သုခသိဒ္ဓိရပ်ကွက်မှာနေတာပါ။ ကိုဗစ် စဖြစ်တာကတော့ ဘယ်ကနေဘယ်လို စကူးမှန်းတော့ မသိဘူး။ စဖြစ်တဲ့လက္ခဏာကတော့ ပူရှိန်းပူရှိန်းနဲ့ ၃ ရက် လောက်ဖြစ်တယ်။ ပြီးတော့ဖျားလာတယ်။ ကိုယ့်ကိုကိုယ်သံသယနည်းနည်း ဝင်လာတော့ ဆေးထိုး၊ ဆေးသောက်တယ်။ ဖျားပြီး ၂ ရက်မြောက်နေတော့ အနံ့စပျောက်တယ်။ စစ်ကြည့် လိုက်တော့ ကိုဗစ် Positive ထွက်တယ်။ စည်ပင်ဧည့်ရိပ်သာ (၂) မှာ ကွာရန်တင်းဝင်တယ်။ အဲ့မှာ ဆရာ/ဆရာမတွေ ညွှန်ကြားတဲ့အတိုင်း ဆေးတွေသောက်တယ်၊ အစားအစာတွေ စားတယ်။ ကိုယ်ခံအားရှိအောင်နေတယ်။ အိပ်ရေးဝအောင် အိပ်တယ်။ ၄ ရက် မြောက်နေ့ကျတော့ အနံ့တွေ ပြန်ရတယ်။ အစားအသောက် ပျက်နေပေမဲ့ အာဟာရဖြစ်စေမယ့် အစားအစာအသီးအနှံတွေကို မလျော့အောင်စားတယ်။ ချောင်းဆိုးစေမယ့်အရာတွေကိုရှောင်တယ်။ အဓိကပြောချင်တာ ကတော့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ဖို့အတွက် ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီနေပါ။ လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ထိုးနှံပေးနေပါတယ်။ ကျွန်တော်ဆိုလည်း ကိုဗစ်ဆေးကို ၂ ကြိမ်ပြည့် ထိုးနှံပြီးပါပြီ။ ကာကွယ်ဆေးထိုးထားတာဖြစ်တဲ့အတွက် ကိုဗစ် ကူးစက်ခံရတော့ အရမ်းကြီး ပြင်းထန်တဲ့ လက္ခဏာမျိုးတွေ မခံစားခဲ့ရဘူး။ ပုံမှန်အတိုင်းပဲ အနံ့၊ အရသာလေး ပျောက်သွားတယ် အဲ့လောက်ပဲခံစားရတာပါ။ အဲ့တာကြောင့် ပြည်သူအားလုံး လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံကြပါလို့ နှိုးဆော်ချင်ပါတယ်။ အားလုံးပဲကျန်းမာချမ်းသာ ကြပါစေ။
မမာန်ဆု
ဗလသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်
ကျွန်မနာမည်က မာန်ဆုပါ။ ဗလသိဒ္ဓိရပ်ကွက်မှာနေတာပါ။ စဖြစ်တော့ ကိုယ်လက် ကိုက်ခဲတယ်၊ ဖျားတယ်၊ ခေါင်းကိုက်တယ်။ နောက်နေ့ကျတော့ အနံမရတော့ဘူး။ အဲ့ဒါနဲ့ ကျွန်မ ပေါင်းလောင်း (၄) လမ်း၊ အားကစားကွင်းမှာ စစ်ကြည့်လိုက်တော့ Positive ထွက်တယ်။ စည်ပင်ဧည့်ရိပ်သာ (၁) မှာ ကွာရန်တင်းဝင်တယ်။ ဗီတာမင်-စီ၊ Zince ၊ ဓာတ်ဆားရည်တွေ သောက်တယ်။ ဆရာ/ဆရာမတွေ ညွှန်ကြားချက်အတိုင်းလိုက်နာ နေထိုင်တယ်။ အိပ်ရေးဝဝအိပ်တယ်။ မနက်ခင်းလမ်းပုံမှန်လျှောက်တယ်။ (၁၁) ရက် ကွာရန်တင်းဝင်ပြီး အိမ်ပြန်ရောက်တဲ့အခါ Stay Home (၁၀) ရက်ထပ်နေပါတယ်။ ကိုဗစ်ဖြစ်ပြီး (၂၀) ရက် အကြာလောက်မှာတော့ ကျောအောင့် ခြင်းနှင့် နေထိုင်မကောင်းခြင်းဖြစ်တဲ့အတွက် ဆရာဝန်နဲ့ ပြသပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးတွေထပ်သောက်ပါတယ်။ အခုချိန်မှာတော့ ကျန်းမာရေးကောင်းမွန်ပြီး အလုပ်များ ပုံမှန် လုပ်ကိုင်နိုင်ပါပြီ။
မြို့နယ်(ပြန်/ဆက်)